Counter App with bloc & flutter_bloc
ဒီနေ့တော့ bloc pattern ကို အခြေခံထားတဲ့ flutter_bloc
ကို အသုံးပြုပြီး app တခု ဘယ်လို တည်ဆောက်သလဲဆိုတာ ကြည့်ကြည့်ရအောင်ပါ။ Flutter မှာ project လုပ်ပြီဆို ပါတဲ့ counter app ကိုပဲ bloc pattern နဲ့ဆို ဘယ်လိုရေးမလဲ ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။
အရင်ဆုံး flutter project တခုကို Android Studio or VS Code မှာ create လုပ်လိုက်ပါ။ Android Studio ရော VS Code မှာပါ flutter plugin တွေထည့်ပြီး app create လုပ်နိုင်ပါတယ်။ တကယ်လို့ terminal ကနေ လုပ်ချင်ရင်လဲ အခု ပေးထားတဲ့ command နဲ့ လုပ်လို့ရပါတယ်။
flutter create counter_bloc
အခုရေးသွားမယ့် counter app မှာ လိုမယ့် bloc
နဲ့ flutter_bloc
package တွေကို project ထဲမှာ ဆက်ပြီးတော့ install လုပ်ပါမယ်။
flutter pub add bloc flutter_bloc
ပြီးသွားရင်တော့ lib
folder ထဲက main.dart
ကို အခုလိုပဲ update လုပ်လိုက်ပါမယ်။
ဒါကိုကြည့်မယ်ဆို ကျွန်တော်တို့ CounterPage
ကို ဆက်ပြီး တည်ဆောက်ဖို့ လိုတာကို တွေ့ပါလိမ့်မယ်။ CounterPage
ကို create မလုပ်ခင် counter အတွက် အသုံးပြုမယ့် cubit (counter_cubit.dart
) ကို lib
folder ထဲမှာ အခုလိုပဲ တည်ဆောက်ပါမယ်။
ဒီမှာ စပြီးတော့ ကျွန်တော်တို့ bloc library ကို အသုံးချသွားမှာ ဖြစ်ပါတယ်။ Bloc အကြီးစားကို မသုံးဘဲ Cubit ကိုပဲ ဘာလို့ သုံးသလဲဆိုတော့ ကျွန်တော်တို့ အသုံးပြုမယ့် counter app logic က အရမ်းကြီး ရှုပ်ထွေးမနေဘဲ event တွေလောက်ထိ handle လုပ်ဖို့ မလိုအပ်လို့ဘဲ ဖြစ်ပါတယ်။
lib
folder ထဲမှာ counter_page.dart
ကို create လုပ်ပြီး အောက်မှာ ပြထားသလို update လုပ်လိုက်ပါမယ်။
ဒီမှာ ကျွန်တော်တို့ state management အတွက် အသုံးပြုမယ့် CounterCubit
ကို BlocProvider
နဲ့အတူ create လုပ်ပါမယ်။ ဆိုလိုတာကတော့ အခု create လုပ်တဲ့ CounterCubit
ကို လိုအပ်တဲ့နေရာတွေကို provide လုပ်ပေးပါလို့ ပြောလိုက်တာမျိုးပဲ ဖြစ်ပါတယ်။
ဒီမှာ CounterView
ဆိုပြီးတော့ child widget တခုထပ်ပြီးတော့ create လုပ်ထားတာကိုလဲ တွေ့ရပါမယ်။ CounterPage
widget ထဲမှာပဲ လိုအပ်တဲ့ view component widget တွေကို create လုပ်လို့ရရဲ့သားနဲ့ ဘာလို့မလုပ်ဘဲ CounterView
ထပ်ပြီး create လုပ်ရတာလဲဆိုရင်တော့ CounterPage
context နဲ့ CounterView
context မတူတာကြောင့်ပဲ ဖြစ်ပါတယ်။ CounterView
context အပေါ်မှာမှ BlocProvider ကို wrap လုပ်ထားတာကြောင့် CounterView
ထဲမှာမှ Cubit ကို အသုံးပြုလို့ရမှာပဲ ဖြစ်ပါတယ်။ counter_view.dart
ကို အခုလိုပဲ update လုပ်လိုက်ပါမယ်။
ဒါဆိုရင်တော့ bloc pattern နဲ့ ရေးထားတဲ့ counter app ကို ရပါပြီ။