Day 0: Welcome
Welcome to 100 days of flutter.
မင်္ဂလာပါ...
မနက်ဖြန်ဆို 100 days of flutter စတင်ပြီပဲ ဖြစ်ပါတယ်။ 100 days of flutter ဆိုတာကတော့ ရက်ပေါင်း ၁၀၀ တိတိ Flutter နဲ့ ပတ်သက်တဲ့ content တွေ ဝေမျှပေးသွားမယ့် အစီအစဥ်ပဲ ဖြစ်ပါတယ်။
ဒီအစီအစဥ်မှာ Flutter ကို setup လုပ်တာကနေ စပြီးတော့ production ရောက်တဲ့အထိ သက်ဆိုင်ရာ content တွေကို နေ့စဥ် ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။ လက်ရှိ စီစဥ်ထားတာအရ အောက်မှာပြထားတဲ့ ခေါင်းစဥ်တွေ အကျယ်တဝင့် ပါဝင်သွားမှာပါ။
- Dart Programming Language
- Flutter Theories & Widgets
- Image/Font/Video Assets Management
- State Management
- Networking
- Clean Architecture
- Implicit & Interactive Animations
- AI & Agentic Workflows
- Continuous Integration/Continuous Development (CI/CD)
- Performance Optimization, Debugging, Tuning
- App Store/Play Store/Web Release
Flutter နဲ့ ပတ်သက်တာတွေ လေ့လာရင်းနဲ့ လုပ်သွားမယ့် Project ၆ခုလောက်လဲ ပါဝင်မှာ ဖြစ်ပါတယ်။
- Command-Line To-Do List Manager
- UI Marketplace Clone (5 screens)
- Live Weather App
- Clean Architecture Expense Tracker
- AI Travel Buddy
- The Capstone: "Nexus" Intelligent Workspace
အခကြေးငွေ ပေးစရာမလိုဘဲ ကျွန်တော်နဲ့အတူ တရက်ချင်းဆီ လိုက်လုပ်ရင်း လေ့လာသွားလို့ ရပါတယ်။ လိုအပ်တာတွေ အမှားတွေ ပါသွားခဲ့ရင်လဲ ကျွန်တော့်ကို လှမ်းပြီး ပြောလို့ရပါတယ်။ အားလုံးအတွက် မှန်ကန်ပြီး အကျိုးရှိမယ့် content တွေ လုပ်သွားနိုင်ဖို့က ကျွန်တော့်ရဲ့ အဓိက ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။
ကိုယ်က စာဖတ်ပြီး content တွေ လိုက်လုပ်ရတာ ကြိုက်တတ်တဲ့သူဆိုရင် ကျွန်တော့်ရဲ့ newsletter ကို subscribe လုပ်ထားလို့ရပါတယ်။ နေ့စဥ် content တင်ပြီးတာနဲ့ mail ပို့ပေးသွားမှာ ဖြစ်ပါတယ်။
တကယ်လို့ ကိုယ်က video တွေကြည့်ပြီး လိုက်လုပ်တတ်တဲ့သူမျိုး ဆိုရင်တော့ ကျွန်တော့်ရဲ့ youtube channel ကို subscribe လုပ်ထားလို့ရပါတယ်။ ဒီမှာလဲ နေ့စဥ် video တွေ တင်သွားပေးမှာပဲ ဖြစ်ပါတယ်။
တကယ်လို့ လိုက်လုပ်ရုံတင်မဟုတ်ဘဲ တခြားသူတွေနဲ့ပါ ဆွေးနွေးတာတွေ တိုင်ပင်တာတွေ ကူညီတာတွေ လုပ်ချင်ရင်တော့ ကျွန်တော့်ရဲ့ discord server ကို join ထားလို့ရပါတယ်။ ဒီမှာတော့ တခြား လိုက်လုပ်ကြတဲ့သူတွေနဲ့အတူ ဆွေးနွေးတာတွေ အချင်းချင်း ကူညီတာတွေ လုပ်သွားပေးလို့ ရပါတယ်။ မေးခွန်းတွေကိုလဲ ကျွန်တော် တတ်သိနားလည်သလောက် ကူညီဖြေပေးသွားပါမယ်။
Flutter တင်မကဘဲ တခြား နည်းပညာနဲ့ ပတ်သက်တာတွေကိုလဲ အခါအခွင့် သင့်သလို sharing လုပ်သွားပေးမှာ ဖြစ်တဲ့အတွက် newsletter ရော၊ youtube ရော subscribe တွေ လုပ်ထားဖို့လဲ ဖိတ်ခေါ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။ 🤗