> ## Content Index
> Fetch the complete content index at: https://arkar.dev/llms.txt
> Use this file to discover other available public pages before exploring further.

# Day 24: GridView & Aspect Ratios
- URL: https://arkar.dev/day-24-gridview-aspect-ratios/
- Published: 2026-11-01T16:05:39.000Z
- Updated: 2026-11-01T16:05:39.000Z
- Description: Build Instagram-style grids and product galleries with GridView. Learn GridView.count, GridView.extent and GridView.builder, how childAspectRatio really sizes your tiles, and the one-word mistake that squashes every card.
- Author: Arkar Min Tun
- Tags: 100 days of flutter, flutter

Day 23 မှာ ListView အကြောင်း ဆွေးနွေးခဲ့ပြီးပြီဆိုတော့ ဒီနေ့တော့ သူနဲ့ ညီအစ်ကိုလို ဖြစ်တဲ့ GridView အကြောင်း ဆက်ပြီး ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ Instagram ရဲ့ Explore page, Pinterest, Shopee/Lazada လိုမျိုး shopping app တွေရဲ့ product listing, Photos app ထဲက gallery တွေကို စဥ်းစားကြည့်ပါ။ အားလုံးက item တွေကို အပေါ်အောက် တခုတည်း စီထားတာ မဟုတ်ဘဲ column နှစ်ခု သုံးခု ခွဲပြီး အကွက်လေးတွေ ပုံစံနဲ့ ပြထားကြတာ ဖြစ်ပါတယ်။ ဒီလို layout မျိုးကို Flutter မှာ GridView နဲ့ တည်ဆောက်ကြပါတယ်။

ဒီနေ့မှာတော့ GridView ကို ဘယ်လို အသုံးပြုရမလဲ၊ column အရေအတွက်ကို ဘယ်လို ထိန်းချုပ်မလဲ၊ phone နဲ့ tablet မှာ ဘယ်လို အလိုအလျောက် ပြောင်းလဲအောင် လုပ်မလဲ၊ ပြီးတော့ GridView သုံးတဲ့သူတိုင်း တခါတော့ ကြုံဖူးတဲ့ "card တွေ ပုံပျက်နေတာ" ပြဿနာကို `childAspectRatio` နဲ့ ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြည့်သွားကြရအောင်ပါ။

## GridView Constructors

ListView မှာ `ListView()`, `ListView.builder()`, `ListView.separated()` ဆိုပြီး constructor တွေ ရှိသလိုပဲ GridView မှာလဲ အသုံးပြုပုံ ကွဲပြားတဲ့ constructor တွေ ရှိပါတယ်။

1. `GridView.count()` \- column အရေအတွက်ကို ကိုယ်တိုင် သတ်မှတ်ချင်တဲ့အခါ
2. `GridView.extent()` \- item တခုရဲ့ width ဘယ်လောက်ထိ ကျယ်နိုင်လဲ (`maxCrossAxisExtent`) ကို သတ်မှတ်ပြီး column အရေအတွက်ကို Flutter က တွက်ပေးစေချင်တဲ့အခါ
3. `GridView.builder()` \- item တွေ အများကြီး (ဒါမှမဟုတ် အကန့်အသတ်မရှိ) ပြဖို့လိုတဲ့အခါ
4. `GridView()` \- `gridDelegate` ကို ကိုယ်တိုင် ထည့်ပေးပြီး `children` list နဲ့ သုံးချင်တဲ့အခါ
5. `GridView.custom()` \- `SliverChildDelegate` ကို ကိုယ်တိုင် control လုပ်ချင်တဲ့အခါ (Day 23 က `ListView.custom()` နဲ့ သဘောတရား တူပါတယ်)

ဒီနေ့မှာတော့ အသုံးအများဆုံး ဖြစ်တဲ့ `count`, `extent` နဲ့ `builder` တို့ကို အဓိက ဆွေးနွေးသွားပါမယ်။

### GridView.count

```dart
class GridCountExample extends StatelessWidget {
  const GridCountExample({super.key});

  @override
  Widget build(BuildContext context) {
    return Scaffold(
      appBar: AppBar(title: const Text('GridView.count')),
      body: GridView.count(
        crossAxisCount: 3,
        mainAxisSpacing: 8,
        crossAxisSpacing: 8,
        padding: const EdgeInsets.all(8),
        children: List.generate(12, (index) {
          return Container(
            alignment: .center,
            color: Colors.teal.shade200,
            child: Text('${index + 1}'),
          );
        }),
      ),
    );
  }
}
```

![GridView.count with 3 columns](https://arkar.dev/content/images/2026/10/100dof-day24-grid_count.png)

GridView.count with 3 columns

ဒါကတော့ GridView ကို အရိုးရှင်းဆုံး အသုံးပြုတဲ့ ပုံစံပဲ ဖြစ်ပါတယ်။ `crossAxisCount: 3` လို့ ရေးလိုက်တာနဲ့ အလျားလိုက် row တခုမှာ item ၃ ခုစီ ပြပေးသွားမှာပါ။ ဒီနေရာမှာ property နာမည်တွေကို သေချာ နားလည်ထားဖို့ လိုပါတယ်။

- **Main axis** ဆိုတာ scroll လုပ်တဲ့ ဘက်ပါ။ default အနေနဲ့ GridView က အပေါ်အောက် scroll လုပ်တဲ့အတွက် main axis က ဒေါင်လိုက် ဖြစ်ပါတယ်။
- **Cross axis** ဆိုတာ main axis နဲ့ ထောင့်မှန်ကျတဲ့ ဘက်ပါ။ ဒီမှာဆို အလျားလိုက် ဖြစ်ပါတယ်။

ဒီတော့ `crossAxisCount` က အလျားလိုက် item ဘယ်နှစ်ခု ထားမလဲ၊ `mainAxisSpacing` က row တခုနဲ့တခုကြား အပေါ်အောက် အကွာအဝေး၊ `crossAxisSpacing` က column တခုနဲ့တခုကြား ဘယ်ညာ အကွာအဝေး ဖြစ်ပါတယ်။ Day 18 မှာ ဆွေးနွေးခဲ့တဲ့ Row/Column ရဲ့ main axis, cross axis နဲ့ သဘောတရား အတူတူပါပဲ။

> 💡 **Dot shorthand သတိထားရန်** \- `alignment: .center` လို Dart 3.10 shorthand ကို ဒီမှာ သုံးထားပေမယ့် `color: .blue` လို့တော့ ရေးလို့ မရပါဘူး။ shorthand က parameter ရဲ့ type (ဒီမှာဆို `Color`) ထဲမှာ ရှိတဲ့ static member ကိုပဲ ရှာတာပါ။ `blue` က `Color` ထဲမှာ မဟုတ်ဘဲ `Colors` class ထဲမှာ ရှိတဲ့အတွက် `Colors.blue` လို့ အပြည့်ရေးပေးရပါမယ်။

### GridView.extent

`GridView.count` ရဲ့ ပြဿနာက phone မှာ column ၃ ခုက ကြည့်ကောင်းပေမယ့် tablet ဒါမှမဟုတ် web မှာ ဖွင့်လိုက်တဲ့အခါ column ၃ ခုပဲ ရှိနေတဲ့အတွက် item တွေက အရမ်းကြီး ကျယ်ထွက်သွားတာပါ။ ဒီလိုမျိုး screen size ပေါ် မူတည်ပြီး column အရေအတွက် အလိုအလျောက် ပြောင်းစေချင်ရင်တော့ `GridView.extent` ကို သုံးနိုင်ပါတယ်။

```dart
class GridExtentExample extends StatelessWidget {
  const GridExtentExample({super.key});

  @override
  Widget build(BuildContext context) {
    return Scaffold(
      appBar: AppBar(title: const Text('GridView.extent')),
      body: GridView.extent(
        maxCrossAxisExtent: 150,
        mainAxisSpacing: 8,
        crossAxisSpacing: 8,
        padding: const EdgeInsets.all(8),
        children: List.generate(12, (index) {
          return Container(
            alignment: .center,
            color: Colors.orange.shade200,
            child: Text('${index + 1}'),
          );
        }),
      ),
    );
  }
}
```

![GridView.extent on a phone](https://arkar.dev/content/images/2026/10/100dof-day24-grid_extent_phone.png)

GridView.extent on a phone

![The same GridView.extent on a tablet](https://arkar.dev/content/images/2026/10/100dof-day24-grid_extent_tablet.png)

The same GridView.extent on a tablet

ဒီမှာ `crossAxisCount` မပါတော့ဘဲ `maxCrossAxisExtent: 150` ဆိုပြီး item တခုရဲ့ width ဘယ်လောက်ထိ ကျယ်နိုင်လဲဆိုတာကို သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ code တကြောင်းမှ မပြောင်းဘဲ phone မှာ column ၃ ခု၊ tablet မှာ column ၆ ခု ဖြစ်သွားတာကို screenshot နှစ်ခုမှာ တွေ့ရမှာပါ။ column ဘယ်နှစ်ခု ထားမလဲဆိုတာကို Flutter က အောက်ကလို တွက်ပါတယ်။

```
columns = (available width ÷ (maxCrossAxisExtent + crossAxisSpacing)) ကို အပေါ်ကို round up လုပ်ထားတဲ့ ကိန်း
```

ဥပမာ width 390 ရှိတဲ့ phone မှာ padding ဘယ်ညာ 8 စီ နုတ်လိုက်ရင် available width 374 ကျန်ပါတယ်။ 374 ÷ (150 + 8) = 2.37 ဖြစ်လို့ round up လုပ်လိုက်တော့ column ၃ ခု ရပါတယ်။ ပြီးမှ ရလာတဲ့ column ၃ ခုနဲ့ နေရာကို တန်းတူ ခွဲဝေပေးတာ ဖြစ်ပါတယ်။

> 📏 **Logical pixels** \- ဒီ article ထဲမှာ ပြောတဲ့ width 390, 150, 16 စတဲ့ ဂဏန်းတွေ အားလုံးက screen ရဲ့ physical pixel တွေ မဟုတ်ဘဲ Flutter ရဲ့ logical pixel တွေ ဖြစ်ပါတယ်။ ဥပမာ width 390 logical pixel ရှိတဲ့ iPhone ရဲ့ physical pixel က 1170 (3x) ဖြစ်ပါတယ်။ Flutter က device တိုင်းမှာ အရွယ်အစား တူတူ မြင်ရအောင် logical pixel နဲ့ပဲ layout တွက်တာ ဖြစ်ပါတယ်။  
>  
> ⚠️ `maxCrossAxisExtent` ကို နာမည်အတိုင်း "ဒီထက် လုံးဝ မကျော်ရ" လို့ တိတိကျကျ မမှတ်ပါနဲ့။ Flutter က spacing ပါ ထည့်တွက်တဲ့အတွက် item width က အနည်းငယ် ကျော်သွားနိုင်ပါတယ်။ ဥပမာ available width 316 မှာဆို 316 ÷ 158 = 2 ဖြစ်လို့ column ၂ ခု ရပြီး item တခုရဲ့ width က (316 − 8) ÷ 2 = 154 ဖြစ်သွားပါတယ်။ ခန့်မှန်းခြေ အများဆုံး width လို့ပဲ မှတ်ထားရင် ရပါပြီ။

## GridView.builder & Grid Delegates

ListView တုန်းက ပြောခဲ့သလိုပဲ GridView မှာလဲ item တွေ အများကြီး ပြဖို့ လိုလာတဲ့အခါ `children` list ထဲမှာ widget အားလုံးကို တခါတည်း ဆောက်ထားတာ performance အတွက် မကောင်းပါဘူး။ ဒီအခါမှာ `GridView.builder` ကို သုံးရပါမယ်။ သူကလဲ `ListView.builder` လိုပဲ screen ပေါ်မှာ မြင်ရမယ့် item တွေကိုပဲ (scroll cache အတွက် အနည်းငယ် အပိုနဲ့) build လုပ်ပေးတာ ဖြစ်ပါတယ်။ item ၁၀၀၀ ပါတဲ့ grid ကို စမ်းကြည့်တဲ့အခါ ပထမဆုံး screen အတွက် item ၁၀၀၀ လုံး မဟုတ်ဘဲ မြင်ရတဲ့ အပိုင်းလောက်ပဲ build လုပ်တာကို တွေ့ရမှာပါ။

`GridView.builder` မှာတော့ `count`, `extent` လို parameter တွေ တိုက်ရိုက် မပါတော့ဘဲ `gridDelegate` ဆိုတာကို ထည့်ပေးရပါတယ်။ Grid delegate ဆိုတာ grid ရဲ့ layout logic (column ဘယ်နှစ်ခု၊ item တခု ဘယ်လောက် ကြီးမလဲ) ကို သတ်မှတ်ပေးတဲ့ object ပဲ ဖြစ်ပါတယ်။ Flutter မှာ အသင့်ပါလာတဲ့ delegate ၂ မျိုး ရှိပါတယ်။

| Delegate                                  | အဓိက parameter     | သူနဲ့ ညီတဲ့ constructor |
| ----------------------------------------- | ------------------ | ----------------------- |
| SliverGridDelegateWithFixedCrossAxisCount | crossAxisCount     | GridView.count          |
| SliverGridDelegateWithMaxCrossAxisExtent  | maxCrossAxisExtent | GridView.extent         |

တကယ်တော့ `GridView.count` က အတွင်းထဲမှာ `SliverGridDelegateWithFixedCrossAxisCount` ကို သုံးထားတာဖြစ်ပြီး `GridView.extent` က `SliverGridDelegateWithMaxCrossAxisExtent` ကို သုံးထားတာ ဖြစ်ပါတယ်။ ဒီတော့ delegate နှစ်ခုလုံးမှာ အောက်က parameter တွေ ပါပါတယ်။

| Parameter        | Default | အဓိပ္ပာယ်                                                                                                   |
| ---------------- | ------- | ----------------------------------------------------------------------------------------------------------- |
| mainAxisSpacing  | 0.0     | row တွေကြား အကွာအဝေး                                                                                        |
| crossAxisSpacing | 0.0     | column တွေကြား အကွာအဝေး                                                                                     |
| childAspectRatio | 1.0     | item ရဲ့ width ÷ height                                                                                     |
| mainAxisExtent   | null    | item ရဲ့ height ကို logical pixel နဲ့ တိုက်ရိုက် သတ်မှတ်ခြင်း (ထည့်ထားရင် childAspectRatio ကို မသုံးတော့ပါ) |

### Example - Instagram Explore Grid

```dart
class ExploreGrid extends StatelessWidget {
  const ExploreGrid({super.key});

  static const icons = [
    Icons.landscape,
    Icons.pets,
    Icons.restaurant,
    Icons.flight,
    Icons.music_note,
    Icons.sports_soccer,
  ];

  @override
  Widget build(BuildContext context) {
    return Scaffold(
      appBar: AppBar(title: const Text('Explore')),
      body: GridView.builder(
        itemCount: 60,
        gridDelegate: const SliverGridDelegateWithFixedCrossAxisCount(
          crossAxisCount: 3,
          mainAxisSpacing: 2,
          crossAxisSpacing: 2,
        ),
        itemBuilder: (context, index) {
          final color = Colors.primaries[index % Colors.primaries.length];
          return Container(
            color: color.shade300,
            child: Icon(
              icons[index % icons.length],
              color: Colors.white,
              size: 36,
            ),
          );
        },
      ),
    );
  }
}
```

![Instagram-style explore grid](https://arkar.dev/content/images/2026/10/100dof-day24-explore_grid.png)

Instagram-style explore grid

Instagram ရဲ့ Explore page လိုမျိုး column ၃ ခု၊ item တွေကြား 2 logical pixel လောက်ပဲ ခြားထားတဲ့ grid ဖြစ်ပါတယ်။ `childAspectRatio` မထည့်ထားတဲ့အတွက် default `1.0` ဖြစ်ပြီး item တိုင်း စတုရန်း ဖြစ်နေတာကို တွေ့ရမှာပါ။ ဒီ example မှာ အရောင်တွေနဲ့ icon တွေကိုပဲ ပြထားပေမယ့် တကယ့် app မှာဆို ပုံတွေနဲ့ အစားထိုးလိုက်ရုံပါပဲ။

```dart
itemBuilder: (context, index) {
  return Image.network(
    'https://picsum.photos/seed/$index/300/300',
    fit: .cover,
    errorBuilder: (context, error, stackTrace) {
      return Container(
        color: Colors.grey.shade300,
        child: const Icon(Icons.broken_image),
      );
    },
  );
},
```

`fit: .cover` က ပုံကို အကွက်ထဲမှာ အပြည့် ဖြည့်ပြီး ပိုနေတဲ့ အစွန်းတွေကို ဖြတ်ပေးတာ ဖြစ်ပါတယ်။ internet မရတဲ့အခါ ဒါမှမဟုတ် ပုံ load မရတဲ့အခါ error ပြနေမယ့်အစား ကိုယ်ပြချင်တဲ့ fallback UI (ဒီမှာဆို broken image icon) ကို ပြပေးနိုင်အောင် `errorBuilder` ကိုလဲ ထည့်ထားပေးဖို့ အကြံပြုပါတယ်။

## Mastering childAspectRatio

GridView သုံးတဲ့အခါ အများဆုံး ကြုံရတဲ့ ပြဿနာက card ထဲက content တွေ မဆံ့လို့ အဝါအမဲ overflow error တက်တာ ဒါမှမဟုတ် card တွေ ထူးဆန်းတဲ့ အရွယ်အစား ဖြစ်နေတာပါ။ ဒါကို နားလည်ဖို့ GridView က item တခုရဲ့ size ကို ဘယ်လို တွက်လဲ သိထားဖို့ လိုပါတယ်။

1. **Width ကို အရင် တွက်ပါတယ်** \- ရှိတဲ့ width ထဲက spacing တွေ နုတ်ပြီး column အရေအတွက်နဲ့ စားပါတယ်။ `item width = (available width − crossAxisSpacing × (columns − 1)) ÷ columns`
2. **Height ကို width ကနေ တွက်ပါတယ်** \- `mainAxisExtent` ထည့်ထားရင် အဲ့ဒီ တန်ဖိုး၊ မထည့်ထားရင်တော့ `item height = item width ÷ childAspectRatio`

ဆိုလိုတာက **GridView ထဲမှာ item ရဲ့ height ကို content က ဆုံးဖြတ်တာ မဟုတ်ပါဘူး။** Column ထဲမှာ ကိုယ်ထည့်ထားတဲ့ Text, Image တွေ ဘယ်လောက်ပဲ ရှည်ရှည် grid က ပေးတဲ့ height ထဲမှာပဲ ဆံ့အောင် ထည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် `childAspectRatio` ကို content နဲ့ ကိုက်အောင် ရွေးပေးဖို့ လိုတာပါ။

| childAspectRatio         | ပုံသဏ္ဍာန်                         | သင့်တော်တဲ့ နေရာ                       |
| ------------------------ | ---------------------------------- | -------------------------------------- |
| 1.0                      | စတုရန်း                            | Instagram grid, gallery                |
| 0.75 (3:4) ဒါမှမဟုတ် 0.7 | ဒေါင်လိုက် ရှည်တဲ့ ထောင့်မှန်စတုဂံ | product card, book cover, movie poster |
| 1.5 (3:2)                | အလျားလိုက် ကျယ်တဲ့ ထောင့်မှန်စတုဂံ | dashboard card, video thumbnail        |

### Example - Product Gallery

```dart
class ProductGrid extends StatelessWidget {
  const ProductGrid({super.key});

  @override
  Widget build(BuildContext context) {
    return Scaffold(
      appBar: AppBar(title: const Text('Marketplace Grid')),
      body: GridView.builder(
        padding: const EdgeInsets.all(12),
        itemCount: products.length,
        gridDelegate: const SliverGridDelegateWithMaxCrossAxisExtent(
          maxCrossAxisExtent: 200,
          mainAxisSpacing: 12,
          crossAxisSpacing: 12,
          childAspectRatio: 0.75,
        ),
        itemBuilder: (context, index) {
          return ProductCard(product: products[index]);
        },
      ),
    );
  }
}

class ProductCard extends StatelessWidget {
  const ProductCard({super.key, required this.product});

  final Product product;

  @override
  Widget build(BuildContext context) {
    return Card(
      clipBehavior: .antiAlias,
      child: Column(
        crossAxisAlignment: .start,
        children: [
          Expanded(
            child: Container(
              width: double.infinity,
              color: Colors.blue.shade50,
              child: Icon(product.icon, size: 48, color: Colors.blue),
            ),
          ),
          Padding(
            padding: const EdgeInsets.all(8),
            child: Column(
              crossAxisAlignment: .start,
              children: [
                Text(
                  product.name,
                  maxLines: 1,
                  overflow: .ellipsis,
                  style: const TextStyle(fontWeight: .bold),
                ),
                const SizedBox(height: 4),
                Text(
                  '\$${product.price.toStringAsFixed(2)}',
                  style: TextStyle(color: Colors.green.shade700),
                ),
              ],
            ),
          ),
        ],
      ),
    );
  }
}
```

`Product` model နဲ့ `products` list ကတော့ ရိုးရိုး class တခုပါ။

```dart
class Product {
  final String name;
  final double price;
  final IconData icon;

  const Product({required this.name, required this.price, required this.icon});
}

const products = [
  Product(name: 'Sneakers', price: 89.99, icon: Icons.directions_run),
  Product(name: 'Headphones', price: 149.00, icon: Icons.headphones),
  Product(name: 'Backpack', price: 59.50, icon: Icons.backpack),
  Product(name: 'Watch', price: 199.00, icon: Icons.watch),
  Product(name: 'Camera', price: 499.00, icon: Icons.photo_camera),
  Product(name: 'Sunglasses', price: 39.99, icon: Icons.wb_sunny),
  Product(name: 'Laptop', price: 999.00, icon: Icons.laptop_mac),
  Product(name: 'Coffee Mug', price: 12.00, icon: Icons.coffee),
];
```

![Product grid on a phone - 2 columns](https://arkar.dev/content/images/2026/10/100dof-day24-product_grid_phone.png)

Product grid on a phone - 2 columns

![Product grid on a tablet - 4 columns](https://arkar.dev/content/images/2026/10/100dof-day24-product_grid_tablet.png)

Product grid on a tablet - 4 columns

ဒီ example မှာ သတိထားကြည့်စရာ ၃ ချက် ရှိပါတယ်။

1. **`SliverGridDelegateWithMaxCrossAxisExtent` ကို သုံးထားတဲ့အတွက်** phone (width 390) မှာ column ၂ ခု၊ tablet (width 820) မှာ column ၄ ခု အလိုအလျောက် ဖြစ်သွားပါတယ်။ phone မှာ တွက်ကြည့်ရင် padding နုတ်ပြီး 366 ကျန်တယ်၊ 366 ÷ (200 + 12) = 1.73 ကို round up လုပ်တော့ ၂ ခု ဖြစ်ပါတယ်။
2. **`childAspectRatio: 0.75`** ဖြစ်တဲ့အတွက် phone မှာ item width က (366 − 12) ÷ 2 = 177 ဖြစ်ပြီး height က 177 ÷ 0.75 = 236 ဖြစ်ပါတယ်။ ဒေါင်လိုက် ရှည်တဲ့ card ပုံစံ ရလာပါတယ်။
3. **ပုံနေရာကို `Expanded` နဲ့ ထည့်ထားတဲ့အတွက်** နာမည်နဲ့ ဈေးနှုန်းက သူတို့ လိုသလောက် နေရာယူပြီး ကျန်တဲ့ နေရာ အကုန်ကို ပုံက ယူသွားပါတယ်။ tile size ပြောင်းသွားရင် ပုံက လိုက်ချုံ့၊ လိုက်ချဲ့ ပေးတဲ့အတွက် screen size အမျိုးမျိုးမှာ overflow ဖြစ်ဖို့ အများကြီး နည်းသွားပါတယ်။ နာမည် ရှည်လာရင်လဲ `maxLines: 1` နဲ့ `overflow: .ellipsis` က "..." နဲ့ ဖြတ်ပေးပါတယ်။ ဒါပေမယ့် စာသားတွေရဲ့ height ကတော့ tile ထဲမှာ ဆံ့ဖို့ လိုသေးပါတယ်။ user က phone setting မှာ font size ကြီးကြီး (text scaling) သုံးထားရင် စာသားတွေ မြင့်လာပြီး overflow ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် `childAspectRatio` ကို ရွေးတဲ့အခါ စာသားအတွက် နေရာ လုံလုံလောက်လောက် ချန်ထားပေးဖို့ လိုပါတယ်။ ဒါက GridView card တွေ တည်ဆောက်တဲ့အခါ အရေးကြီးဆုံး pattern ပဲ ဖြစ်ပါတယ်။

### mainAxisExtent - Height ကို တိုက်ရိုက် သတ်မှတ်ခြင်း

တချို့ card တွေက width ဘယ်လောက်ပဲ ဖြစ်ဖြစ် height က အတူတူပဲ ဖြစ်စေချင်တာမျိုး ရှိပါတယ်။ ဥပမာ ListTile လိုမျိုး စာသားပဲ ပါတဲ့ card တွေပါ။ ဒီလို အခြေအနေမှာ ratio နဲ့ တွက်နေမယ့်အစား `mainAxisExtent` နဲ့ height ကို logical pixel နဲ့ တိုက်ရိုက် သတ်မှတ်လို့ ရပါတယ်။

```dart
GridView.builder(
  padding: const EdgeInsets.all(12),
  itemCount: 20,
  gridDelegate: const SliverGridDelegateWithFixedCrossAxisCount(
    crossAxisCount: 2,
    mainAxisSpacing: 12,
    crossAxisSpacing: 12,
    mainAxisExtent: 120,
  ),
  itemBuilder: (context, index) {
    return Card(
      child: ListTile(
        leading: const Icon(Icons.folder),
        title: Text('Folder ${index + 1}'),
        subtitle: Text('${(index + 1) * 3} files'),
      ),
    );
  },
)
```

![Grid tiles with a fixed height of 120](https://arkar.dev/content/images/2026/10/100dof-day24-main_axis_extent.png)

Grid tiles with a fixed height of 120

`mainAxisExtent` ထည့်လိုက်တာနဲ့ `childAspectRatio` ကို ထည့်ထားရင်တောင် လျစ်လျူရှုသွားပြီး item တိုင်းရဲ့ height က 120 ဖြစ်သွားပါတယ်။

## Common Mistake: mainAxisExtent vs mainAxisSpacing

နာမည်တွေ ဆင်တူနေတဲ့အတွက် အရမ်း မှားလွယ်တဲ့ အချက်တခု ရှိပါတယ်။ row တွေကြား space ပေးချင်လို့ `mainAxisSpacing` ရေးရမယ့်နေရာမှာ autocomplete က `mainAxisExtent` ကို ရွေးမိသွားတာမျိုးပါ။

```dart
gridDelegate: const SliverGridDelegateWithFixedCrossAxisCount(
  crossAxisCount: 2,
  childAspectRatio: 0.75,
  crossAxisSpacing: 16,
  mainAxisExtent: 16, // ❌ row ကြား space 16 ကို ဆိုလိုတာ
),
```

![Tiles squashed to 16px high](https://arkar.dev/content/images/2026/10/100dof-day24-bug_main_axis_extent_16.png)

Tiles squashed to 16px high

compile error လဲ မတက်၊ warning လဲ မပြတဲ့အတွက် ရှာရ ခက်ပါတယ်။ ဒါပေမယ့် ရလဒ်ကတော့ အပေါ်က ပုံအတိုင်း item တိုင်းရဲ့ height က 16 logical pixel ပဲ ဖြစ်သွားပြီး `childAspectRatio: 0.75` ကိုလဲ လုံးဝ မသုံးတော့ပါဘူး။ card တွေ ပြားကပ်နေတာ ဒါမှမဟုတ် content တွေ ပျောက်နေတာ တွေ့ရင် ဒီ property ကို အရင်ဆုံး စစ်ကြည့်ပါ။

```dart
gridDelegate: const SliverGridDelegateWithFixedCrossAxisCount(
  crossAxisCount: 2,
  childAspectRatio: 0.75,
  crossAxisSpacing: 16,
  mainAxisSpacing: 16, // ✅
),
```

## Fixed Count vs Max Extent

| Delegate                             | သင့်တော်တဲ့ နေရာ                                                       | Screen ကျယ်လာရင်                              |
| ------------------------------------ | ---------------------------------------------------------------------- | --------------------------------------------- |
| FixedCrossAxisCount / GridView.count | Instagram grid လို column အရေအတွက် အမြဲ အတူတူ ဖြစ်စေချင်တဲ့ mobile app | column အရေအတွက် မပြောင်းဘဲ item တွေ ပိုကြီးလာ |
| MaxCrossAxisExtent / GridView.extent | phone, tablet, web, desktop အကုန် support လုပ်ရမယ့် app                | item size သိပ်မပြောင်းဘဲ column ပိုများလာ     |

Examples

- Photo gallery / Instagram explore → `FixedCrossAxisCount` (3 columns), `childAspectRatio: 1`
- Shopping product listing → `MaxCrossAxisExtent`, `childAspectRatio: 0.7 ~ 0.75`
- Dashboard stats cards → `MaxCrossAxisExtent`, `childAspectRatio: 1.5`
- Text-only cards → `mainAxisExtent` နဲ့ height ကို တိုက်ရိုက် သတ်မှတ်
- Item ဘယ်နှစ်ခု ရှိမလဲ မသိတဲ့ API data → အမြဲ `GridView.builder`

ဒီနေ့ ဆွေးနွေးခဲ့တဲ့ `GridView.builder`, `childAspectRatio` နဲ့ `Expanded` pattern တွေကို နောက်ရက်တွေမှာ စတင်မယ့် Pixly project မှာ photo grid တည်ဆောက်တဲ့အခါ တိုက်ရိုက် ပြန်သုံးသွားမှာ ဖြစ်ပါတယ်။

**Source code:** ဒီနေ့ရဲ့ code အပြည့်အစုံကို [GitHub](https://github.com/arkarmintun1/100-days-of-flutter/tree/main/day24/day24%5Fgridview?ref=arkar.dev) မှာ run ကြည့်လို့ ရပါတယ်။

---

ဒီနေ့ Day 24 အတွက်ကတော့ ဒီလောက်ပဲ ဖြစ်ပါတယ်။ အဆုံးထိ ဖတ်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ နားမလည်တာတွေ အဆင်မပြေတာတွေ ရှိခဲ့ရင်လဲ အောက်မှာပေးထားတဲ့ discord server ထဲမှာ လာရောက်ဆွေးနွေးနိုင်ပါတယ်။ နောက်နေ့တွေမှာလဲ ဆက်လက်ပြီး sharing လုပ်သွားပေးသွားမှာ ဖြစ်တဲ့အတွက် subscribe လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။

- Youtube: [https://www.youtube.com/@arkarmintun](https://www.youtube.com/@arkarmintun?ref=arkar.dev)
- Newsletter: <https://arkar.dev/>
- Discord: [https://discord.gg/3xUJ6k6dkH](https://discord.gg/3xUJ6k6dkH?ref=arkar.dev)