Day 31: Infinite Scroll & Pull-to-Refresh
Load Pexels photos page by page as the user scrolls, add pull-to-refresh with RefreshIndicator, and handle the tricky parts: duplicate requests, duplicate photos, failed pages and a refresh that races a page load.
Day 30 မှာ Pixly က ဓာတ်ပုံတွေကို grid နဲ့ လှလှပပ ပြနိုင်သွားပါပြီ။ ဒါပေမယ့် ပထမ page က ပုံ ၂၀ ကို scroll ဆွဲပြီးသွားရင် အဲ့ဒီမှာတင် ဆုံးသွားပါတယ်။ Instagram, Pinterest, Facebook လို app တွေမှာ scroll ဆွဲနေသရွေ့ content တွေ ဆက်တိုက် ပေါ်လာနေသလို Pixly မှာလဲ ဒီနေ့ infinite scroll ကို ထည့်ပါမယ်။ ပြီးတော့ list ရဲ့ အပေါ်ဆုံးကနေ အောက်ကို ဆွဲချပြီး အသစ် ပြန်ယူတဲ့ pull-to-refresh ကိုလဲ ထည့်သွားပါမယ်။
Pagination နဲ့ pull-to-refresh အတွက် package အသစ် ထည့်စရာ မလိုပါဘူး။ Flutter မှာ ပါပြီးသား ScrollController နဲ့ RefreshIndicator ကိုပဲ သုံးမှာ ဖြစ်ပါတယ်။ (ဆောင်းပါး အဆုံးပိုင်းမှာ Pexels link ဖွင့်ဖို့ url_launcher တခုပဲ ထည့်ပါမယ်။)
Pagination ဆိုတာ
Pexels မှာ curated photo ထောင်ပေါင်းများစွာ ရှိပါတယ်။ အဲ့ဒါတွေ အကုန်လုံးကို request တခါတည်းနဲ့ ယူလို့ မရသလို ယူလို့ရရင်တောင် user မကြည့်ဖြစ်မယ့် ပုံတွေအတွက် data တွေ အလကား ကုန်ပါလိမ့်မယ်။ ဒါကြောင့် API တော်တော်များများက data ကို page လိုက် ခွဲပေးပါတယ်။
Day 28 မှာ ရေးခဲ့တဲ့ PhotoRepository.curated() မှာ page parameter ပါပြီးသားပါ။
// lib/repositories/photo_repository.dart (excerpt)
Future<Result<PhotosPage>> curated({int page = 1}) {
return _fetch('/curated', {'page': page, 'per_page': perPage});
}Day 27 မှာ ရေးခဲ့တဲ့ PhotosPage model ရဲ့ hasMore ကိုလဲ မှတ်မိကြမှာပါ။ Pexels က နောက်ထပ် page ရှိသေးရင် response ထဲမှာ next_page ကို ထည့်ပေးတဲ့အတွက် next_page ရှိ/မရှိ ကြည့်ပြီး ဆက်ယူစရာ ရှိသေးလား ဆိုတာ သိနိုင်ပါတယ်။
Infinite scroll ရဲ့ အလုပ်လုပ်ပုံက ရိုးရှင်းပါတယ်။
- ပထမ page ကို load လုပ်မယ်
- User က အောက်ဆုံးနားကို ရောက်လာရင် နောက် page ကို load လုပ်မယ်
- ရလာတဲ့ ပုံတွေကို list ရဲ့ နောက်မှာ ဆက်ထည့်မယ်
- နောက်ထပ် page မရှိတော့ရင် ရပ်မယ်
ရိုးရှင်းသလောက် သတိထားစရာ အချက်တွေကတော့ ရှိပါတယ်။ အဲ့ဒါတွေကို code နဲ့အတူ တခုချင်း ကြည့်သွားကြပါမယ်။
PhotosProvider ကို Update လုပ်ခြင်း
// lib/providers/photos_provider.dart
import 'package:flutter/foundation.dart';
import 'package:pixly/core/result.dart';
import 'package:pixly/models/photo.dart';
import 'package:pixly/repositories/photo_repository.dart';
/// Holds the curated photos, page by page, and tells listeners when they
/// change.
class PhotosProvider extends ChangeNotifier {
PhotosProvider(this._repository);
final PhotoRepository _repository;
List<Photo> _photos = [];
int _page = 0;
bool _hasMore = true;
bool _isLoading = false;
bool _isLoadingMore = false;
String? _error;
String? _loadMoreError;
int _generation = 0;
bool _disposed = false;
List<Photo> get photos => List.unmodifiable(_photos);
bool get hasMore => _hasMore;
bool get isLoading => _isLoading;
bool get isLoadingMore => _isLoadingMore;
String? get error => _error;
String? get loadMoreError => _loadMoreError;
/// Loads page 1. Used for the first load, "Try again" and pull-to-refresh.
Future<void> loadCurated() async {
if (_isLoading) return;
_generation++; // a loadMore() that is still running is now out of date
_isLoading = true;
_isLoadingMore = false;
_error = null;
_loadMoreError = null;
notifyListeners();
final result = await _repository.curated();
if (_disposed) return;
switch (result) {
case Success(:final data):
_photos = data.photos;
_page = data.page;
_hasMore = data.hasMore;
case Failure(:final message):
_error = message; // photos we already had stay on screen
}
_isLoading = false;
notifyListeners();
}
/// Loads the next page and adds it to the end of [photos].
Future<void> loadMore() async {
if (_isLoading || _isLoadingMore || !_hasMore || _photos.isEmpty) return;
if (_loadMoreError != null) return; // wait for retryLoadMore()
final generation = _generation;
_isLoadingMore = true;
notifyListeners();
final result = await _repository.curated(page: _page + 1);
if (_disposed || generation != _generation) return;
switch (result) {
case Success(:final data):
// The curated list can change between requests, so skip photos
// we already have.
final ids = _photos.map((photo) => photo.id).toSet();
_photos = [
..._photos,
...data.photos.where((photo) => ids.add(photo.id)),
];
_page = data.page;
_hasMore = data.hasMore;
case Failure(:final message):
_loadMoreError = message;
}
_isLoadingMore = false;
notifyListeners();
}
Future<void> retryLoadMore() {
_loadMoreError = null;
return loadMore();
}
@override
void dispose() {
_disposed = true;
super.dispose();
}
}Day 29 ကနေ ပြောင်းသွားတဲ့ အချက်တွေကို ကြည့်ရအောင်။
State အသစ်တွေ
| Field | ဘာအတွက်လဲ |
|---|---|
_page |
နောက်ဆုံး load လုပ်ခဲ့တဲ့ page number |
_hasMore |
နောက်ထပ် page ရှိသေးလား |
_isLoadingMore |
နောက် page ကို load လုပ်နေလား |
_loadMoreError |
နောက် page load လုပ်တာ မအောင်မြင်ရင် error message |
_generation |
Refresh လုပ်တိုင်း တိုးသွားမယ့် နံပါတ် (အောက်မှာ ရှင်းပြထားပါတယ်) |
isLoading နဲ့ isLoadingMore ကို ဘာလို့ ခွဲထားတာလဲ ဆိုတော့ UI မှာ ပြရမယ့်ပုံ မတူလို့ပါ။ ပထမ page load လုပ်နေရင် screen တခုလုံးမှာ shimmer ပြပြီး နောက် page load လုပ်နေရင်တော့ ရှိပြီးသား ပုံတွေကို ဆက်ပြထားရင်း အောက်ခြေမှာ spinner သေးသေးလေးပဲ ပြရမှာပါ။ error နဲ့ loadMoreError ကို ခွဲထားတာလဲ ဒီသဘောပါပဲ။
Guards
loadMore() ရဲ့ ထိပ်ဆုံးမှာ guard တွေ ရှိပါတယ်။
// lib/providers/photos_provider.dart (excerpt)
if (_isLoading || _isLoadingMore || !_hasMore || _photos.isEmpty) return;
if (_loadMoreError != null) return; // wait for retryLoadMore()_isLoadingMore- Scroll ဆွဲနေတဲ့အချိန်မှာ scroll listener က တစက္ကန့်ကို အကြိမ်များစွာ ခေါ်ပါတယ်။ ဒီ guard မရှိရင် page 2 ကို request အကြိမ် ဆယ်ချီ ပို့မိပါလိမ့်မယ်။ Day 29 မှာ ပြောခဲ့တဲ့ loading guard က ဒီနေ့ တကယ် အရေးပါလာပါပြီ။_isLoading- Refresh လုပ်နေတုန်း နောက် page ကို မယူဘူး။!_hasMore- နောက်ဆုံး page ရောက်ပြီဆိုရင် request ထပ်မပို့တော့ဘူး။_photos.isEmpty- ပထမ page မရသေးခင် page 2 ကို မယူဘူး။_loadMoreError- Internet မရှိလို့ fail သွားတဲ့အခါ user က scroll ဆက်ဆွဲနေရင် fail မယ့် request တွေ အကြိမ်ကြိမ် ထပ်ပို့နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် error ရှိနေရင် အလိုအလျောက် ထပ်မယူတော့ဘဲ user က Retry နှိပ်မှ (retryLoadMore()) ပြန်ယူပါတယ်။
ပုံ ထပ်နေတာကို ဖယ်ခြင်း
// lib/providers/photos_provider.dart (excerpt)
final ids = _photos.map((photo) => photo.id).toSet();
_photos = [
..._photos,
...data.photos.where((photo) => ids.add(photo.id)),
];Page နံပါတ်နဲ့ ယူတဲ့ pagination (offset pagination) မှာ ကြုံရတတ်တဲ့ ပြဿနာ တခု ရှိပါတယ်။ Page 1 ကို ယူပြီးနောက် server ဘက်က list ပြောင်းသွားရင် (ဥပမာ - ပုံအသစ်တွေ အပေါ်ဆုံးကို ရောက်လာရင်) ခုနက page 1 ထဲမှာ ပါပြီးသား ပုံတွေက page 2 ထဲကို ရွှေ့သွားနိုင်ပါတယ်။ အဲ့ဒီအတိုင်း ဆက်ထည့်လိုက်ရင် grid ထဲမှာ ပုံတူ ၂ ပုံ ပေါ်နေပါလိမ့်မယ်။ နောက်ပိုင်း Hero animation (Day 32) တွေမှာဆို id တူတာတွေက error ပါ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ရှိပြီးသား id တွေကို Set ထဲ ထည့်ထားပြီး where နဲ့ စစ်ပါတယ်။ Set.add() က item အသစ်ဆိုရင် true၊ ရှိပြီးသားဆိုရင် false ကို ပြန်ပေးတဲ့အတွက် id အသစ်တွေကိုပဲ ထည့်ပေးပါတယ်။ Day 10 မှာ လေ့လာခဲ့တဲ့ where နဲ့ Day 6 က collection တွေကို ဒီလို ပေါင်းသုံးလို့ ရပါတယ်။
_photos.add(...) နဲ့ ရှိပြီးသား list ထဲကို ထည့်မယ့်အစား spread operator (...) နဲ့ list အသစ် ဆောက်ထားတာကိုလဲ သတိပြုပါ။ State ကို ပြင်တဲ့အခါ object အဟောင်းကို ပြင်မယ့်အစား အသစ် ဆောက်တာက နောက်ပိုင်း select လို list ပြောင်း/မပြောင်း နှိုင်းယှဉ်တဲ့ နေရာတွေမှာ ပိုစိတ်ချရပါတယ်။
Refresh နဲ့ LoadMore ပြိုင်သွားရင်
ဒီ case က မြင်ရခက်ပေမယ့် တကယ့် app တွေမှာ ကြုံရတတ်ပါတယ်။
- User က အောက်ဆုံးကို scroll ဆွဲလိုက်လို့ page 2 request ထွက်သွားတယ်
- Response မရောက်ခင်မှာပဲ user က အပေါ်ပြန်တက်ပြီး pull-to-refresh လုပ်လိုက်တယ်
- Refresh က page 1 အသစ်နဲ့ list ကို အစားထိုးလိုက်တယ်
- ပြီးမှ အဟောင်း page 2 response ရောက်လာပြီး list အသစ်ရဲ့ နောက်မှာ ဝင်ထည့်သွားတယ်
ဒီလိုဆိုရင် _page တွေ ရှုပ်ကုန်ပြီး ပုံတွေ ကျော်သွားတာ၊ ထပ်နေတာတွေ ဖြစ်ပါလိမ့်မယ်။ ဒါကို _generation counter နဲ့ ကာကွယ်ထားပါတယ်။
loadCurated()(refresh) ခေါ်တိုင်း_generation++လုပ်ပါတယ်။loadMore()က request မပို့ခင် လက်ရှိ_generationကို မှတ်ထားပါတယ်။- Response ရောက်လာတဲ့အခါ
generation != _generationဖြစ်နေရင် "ငါ request ပို့ပြီးနောက် refresh ဖြစ်သွားပြီ" ဆိုတာ သိတဲ့အတွက် result ကို လွှင့်ပစ်လိုက်ပါတယ်။
Day 29 မှာ _disposed နဲ့ စစ်ခဲ့သလိုပဲ await ပြီးတဲ့နောက် "ငါ မစောင့်ခင်က အခြေအနေနဲ့ အခု အခြေအနေ တူသေးလား" ဆိုတာ စစ်တာ ဖြစ်ပါတယ်။
Refresh မအောင်မြင်ရင်
Refresh fail သွားတဲ့အခါ _photos ကို မဖျက်ပါဘူး။ User က ပုံတွေ ကြည့်နေရင်း refresh လုပ်လိုက်တာ internet မရလို့ ပုံတွေ အကုန် ပျောက်ပြီး error screen ကြီး ပေါ်လာရင် အဆင်မပြေပါဘူး။ ရှိပြီးသား ပုံတွေကို ဆက်ပြထားပြီး error ကိုတော့ SnackBar နဲ့ ပြပါမယ်။
ScrollController နဲ့ အောက်ဆုံးကို ရောက်မရောက် သိခြင်း
// lib/widgets/photo_grid.dart
import 'package:flutter/material.dart';
import 'package:pixly/models/photo.dart';
import 'package:pixly/widgets/photo_card.dart';
/// The grid layout shared by the photo grid and its shimmer skeleton.
const photoGridDelegate = SliverGridDelegateWithFixedCrossAxisCount(
crossAxisCount: 2,
mainAxisSpacing: 12,
crossAxisSpacing: 12,
childAspectRatio: 0.75,
);
class PhotoGrid extends StatefulWidget {
const PhotoGrid({super.key, required this.photos, this.onLoadMore});
final List<Photo> photos;
/// Called when the user scrolls close to the end of the grid.
final VoidCallback? onLoadMore;
@override
State<PhotoGrid> createState() => _PhotoGridState();
}
class _PhotoGridState extends State<PhotoGrid> {
/// Start loading when less than this many pixels are left below.
static const _loadMoreThreshold = 600.0;
final _controller = ScrollController();
@override
void initState() {
super.initState();
_controller.addListener(_onScroll);
_checkAfterLayout();
}
@override
void didUpdateWidget(PhotoGrid oldWidget) {
super.didUpdateWidget(oldWidget);
// New data arrived (maybe a page that only had photos we already had),
// so check again whether the screen is full.
_checkAfterLayout();
}
void _onScroll() {
final position = _controller.position;
// Before the first layout (e.g. in a tab that isn't visible yet) the
// grid's size is unknown, so there is nothing to measure.
if (!position.hasContentDimensions) return;
if (position.extentAfter < _loadMoreThreshold) {
widget.onLoadMore?.call();
}
}
/// If the photos don't fill the screen (a tall tablet, a short page), the
/// user can't scroll, so the listener above never runs. Check once after
/// the grid has been laid out.
void _checkAfterLayout() {
WidgetsBinding.instance.addPostFrameCallback((_) {
if (mounted && _controller.hasClients) _onScroll();
});
}
@override
void dispose() {
_controller.dispose();
super.dispose();
}
@override
Widget build(BuildContext context) {
return GridView.builder(
controller: _controller,
// Lets RefreshIndicator work even when the photos don't fill the screen.
physics: const AlwaysScrollableScrollPhysics(),
padding: const EdgeInsets.all(12),
itemCount: widget.photos.length,
gridDelegate: photoGridDelegate,
itemBuilder: (context, index) => PhotoCard(photo: widget.photos[index]),
);
}
}PhotoGridကိုStatefulWidgetပြောင်းလိုက်ပါတယ်။ScrollControllerကိုinitStateမှာ listener ထည့်ပြီးdisposeမှာ ပြန်ဖျက်ရလို့ပါ (Day 17 lifecycle)။ Controller ကို dispose မလုပ်ရင် memory leak ဖြစ်ပါတယ်။position.extentAfter- viewport ရဲ့ အောက်မှာ မမြင်ရသေးတဲ့ content ဘယ်လောက် ကျန်သေးလဲ (pixel) ဆိုတာပါ။ ဒါက 600 အောက် ရောက်သွားရင်onLoadMoreကို ခေါ်ပါတယ်။ အောက်ဆုံး အတိအကျ ရောက်မှ load လုပ်ရင် user က spinner ကို စောင့်ကြည့်နေရမှာ ဖြစ်ပြီး ကြိုပြီး load လုပ်ထားရင်တော့ အောက်ဆုံး ရောက်တဲ့အချိန် ပုံအသစ်တွေ ရောက်နေလောက်ပြီ ဖြစ်ပါတယ်။PhotoGridကPhotosProviderကို တိုက်ရိုက် မသိဘဲonLoadMorecallback ကိုပဲ လက်ခံပါတယ်။ ဒါမှ Day 34 search screen မှာ search results အတွက်လဲ ဒီ grid ကို ပြန်သုံးလို့ ရမှာပါ။AlwaysScrollableScrollPhysics- ပုံ နည်းနေလို့ screen မပြည့်ရင် GridView က default အနေနဲ့ scroll လုပ်လို့ မရပါဘူး။ Scroll လုပ်လို့ မရရင် pull-to-refresh ကလဲ အလုပ်မလုပ်တဲ့အတွက် ပုံ ဘယ်လောက်ပဲ ရှိရှိ ဆွဲလို့ရအောင် ထည့်ထားတာပါ။_checkAfterLayout()- Scroll listener က scroll position ပြောင်းမှ (user scroll လုပ်တာ ဒါမှမဟုတ် code ကနေjumpTo/animateToနဲ့ ရွှေ့တာ) ပဲ အလုပ်လုပ်ပါတယ်။ Grid ကို ပထမဆုံး layout လုပ်တာ တခုတည်းနဲ့တော့ listener က ခေါ်မခံရပါဘူး။ Tablet လို screen ရှည်ရှည်မှာ ဒါမှမဟုတ် ပထမ page မှာ ပုံ နည်းနေလို့ screen မပြည့်ရင် scroll လုပ်စရာ မရှိတဲ့အတွက် နောက် page ကို ဘယ်တော့မှ load မလုပ်တော့ပါဘူး။ ဒါကြောင့်addPostFrameCallbackနဲ့ grid ကို layout လုပ်ပြီးတဲ့ frame အပြီးမှာ တခါ စစ်ပေးပါတယ်။initStateမှာ တခါ၊ provider က data အသစ် ပေးလို့ grid rebuild ဖြစ်တိုင်း တခါ စစ်တဲ့အတွက် (parent က widget အသစ်နဲ့ rebuild လုပ်တိုင်းStateရဲ့didUpdateWidgetlifecycle method ကို Flutter က ခေါ်ပေးပါတယ်။oldWidgetထဲမှာ အရင် widget ကို ရပါတယ်) screen မပြည့်မချင်း page တွေ ဆက်ဆက် load လုပ်ပေးသွားမှာပါ။ ပုံ အရေအတွက် ပြောင်းမှ စစ်မယ် ဆိုရင် ရှိပြီးသား ပုံတွေချည်း ပါလာတဲ့ page တခု (ပုံ ထပ်တာ ဖယ်ပြီးနောက် ပုံ အသစ် မရှိ) ရောက်လာတဲ့အခါ ရပ်သွားနိုင်တဲ့အတွက် rebuild တိုင်း စစ်ထားတာ ဖြစ်ပါတယ်။position.hasContentDimensionsကတော့ grid ကို layout မလုပ်ရသေးခင် (ဥပမာ - မမြင်ရသေးတဲ့ tab ထဲမှာ) scroll အတိုင်းအတာတွေ မရှိသေးတဲ့အတွက် အရင် စစ်ထားတာပါ။ Request ထပ်ပို့တာ၊ fail ပြီးနောက် ထပ်ကြိုးစားတာတွေကိုတော့ provider ထဲက guard တွေက တားပေးပါတယ်။
ScrollController အစား NotificationListener<ScrollNotification> နဲ့လဲ အလားတူ လုပ်လို့ ရပါတယ်။ Scroll position ကို ကိုယ်တိုင် ထိန်းချင်တဲ့အခါ (ဥပမာ - အပေါ်ဆုံးကို ပြန်တက်ဖို့ animateTo) controller က ပိုအသုံးဝင်တဲ့အတွက် ဒီမှာ controller ကို ရွေးထားပါတယ်။
RefreshIndicator
Refresh လုပ်နေတုန်းနဲ့ refresh fail သွားတဲ့အခါ screen ပေါ်က ပုံဟောင်းတွေ ပျောက်မသွားစေချင်ပါဘူး။ ဒါကြောင့် _PhotosBody ရဲ့ loading နဲ့ error စစ်တဲ့ နေရာမှာ photos.isEmpty ကိုပါ ထည့်စစ်ပါမယ်။ ပုံ တပုံမှ မရှိသေးမှပဲ shimmer နဲ့ error screen ကို ပြပြီး ပုံ ရှိနေရင်တော့ grid ကို ဆက်ပြထားမှာပါ။
// lib/screens/home_screen.dart (excerpt)
if (provider.isLoading && photos.isEmpty) {
return const ShimmerGrid();
}
if (provider.error != null && photos.isEmpty) {
return EmptyState(
title: 'Something went wrong',
message: provider.error!,
action: FilledButton.icon(
onPressed: () => context.read<PhotosProvider>().loadCurated(),
icon: const Icon(Icons.refresh),
label: const Text('Try again'),
),
);
}Grid ကိုတော့ RefreshIndicator နဲ့ wrap လုပ်ပြီး load more status ကို အောက်ခြေမှာ ထပ်တင်ပါမယ်။
// lib/screens/home_screen.dart (excerpt)
return Stack(
children: [
RefreshIndicator(
onRefresh: () => _refresh(context),
child: PhotoGrid(
photos: photos,
onLoadMore: context.read<PhotosProvider>().loadMore,
),
),
Positioned(
left: 0,
right: 0,
bottom: 16,
child: Center(child: _LoadMoreStatus(provider: provider)),
),
],
);RefreshIndicator က Material design ရဲ့ pull-to-refresh widget ပါ။ Scrollable widget တခုကို wrap လုပ်ထားရုံနဲ့ အပေါ်ဆုံးမှာ အောက်ကို ဆွဲချရင် spinner ပေါ်လာပြီး onRefresh ကို ခေါ်ပါတယ်။ onRefresh က Future ကို ပြန်ပေးရပြီး အဲ့ဒီ Future မပြီးမချင်း spinner က ဆက်လည်နေပါတယ်။ ဒါကြောင့် loadCurated() ကို await လုပ်ထားတာ အရေးကြီးပါတယ်။
// lib/screens/home_screen.dart (excerpt)
Future<void> _refresh(BuildContext context) async {
final provider = context.read<PhotosProvider>();
await provider.loadCurated();
// The screen may be gone by the time the request finishes.
if (!context.mounted) return;
// The old photos are still on screen, so show the error in a SnackBar.
if (provider.error != null) {
ScaffoldMessenger.of(
context,
).showSnackBar(SnackBar(content: Text(provider.error!)));
}
}await ပြီးတဲ့အချိန်မှာ user က တခြား screen ကို ရောက်သွားပြီး ဒီ widget က tree ထဲမှာ မရှိတော့တာ ဖြစ်နိုင်ပါတယ်။ အဲ့ဒီလို context ကို ဆက်သုံးရင် analyzer က use_build_context_synchronously ဆိုပြီး သတိပေးပါတယ်။ ဒါကြောင့် await ပြီးတာနဲ့ context.mounted ကို အရင် စစ်ပြီး widget မရှိတော့ရင် ဘာမှ မလုပ်ဘဲ return လုပ်လိုက်ပါတယ်။ Widget ရှိနေသေးမှပဲ ScaffoldMessenger ကို ယူပြီး SnackBar ပြပါတယ်။
ပုံ တပုံမှ မရှိရင်
Request အောင်မြင်ပေမယ့် ပုံ တပုံမှ ပြန်မလာရင် grid မရှိတဲ့အတွက် pull-to-refresh လုပ်စရာ မရှိတော့ပါဘူး။ ဒါကြောင့် "No photos yet" empty state မှာ Reload button လေး ထည့်ပေးထားပါတယ်။ ဒီ check ကို build ထဲမှာ loading နဲ့ error ကို စစ်တဲ့ if တွေရဲ့ နောက်၊ grid ကို ပြတဲ့ return Stack(...) ရဲ့ ရှေ့ မှာ ထားရပါမယ်။
// lib/screens/home_screen.dart (excerpt)
if (photos.isEmpty) {
return EmptyState(
title: 'No photos yet',
message: 'Beautiful photos from Pexels will show up here soon.',
action: FilledButton.icon(
onPressed: () => context.read<PhotosProvider>().loadCurated(),
icon: const Icon(Icons.refresh),
label: const Text('Reload'),
),
);
}Load more status
// lib/screens/home_screen.dart (excerpt)
class _LoadMoreStatus extends StatelessWidget {
const _LoadMoreStatus({required this.provider});
final PhotosProvider provider;
@override
Widget build(BuildContext context) {
if (provider.loadMoreError != null) {
return FilledButton.tonalIcon(
onPressed: provider.retryLoadMore,
icon: const Icon(Icons.refresh),
label: const Text("Couldn't load more. Retry"),
);
}
if (provider.isLoadingMore) {
return const Card(
shape: CircleBorder(),
elevation: 2,
child: Padding(
padding: EdgeInsets.all(10),
child: SizedBox.square(
dimension: 24,
child: CircularProgressIndicator(strokeWidth: 3),
),
),
);
}
return const SizedBox.shrink();
}
}နောက် page load လုပ်နေတုန်း grid ရဲ့ အောက်ခြေမှာ spinner လေး တခု ပေါ်နေပြီး fail သွားရင် Retry button ပြောင်းပြပါတယ်။ Day 20 က Stack နဲ့ Positioned ကို သုံးပြီး grid ပေါ်မှာ ထပ်တင်ထားတာ ဖြစ်ပါတယ်။
GridView ထဲမှာ column ၂ ခုလုံးကို ဖြတ်ပြီး ပြမယ့် footer ထည့်ဖို့ကတော့ GridView တခုတည်းနဲ့ မလွယ်ပါဘူး။ Day 37 မှာ home screen ကို Slivers နဲ့ ပြန်ရေးတဲ့အခါ footer ကို grid ရဲ့ အောက်မှာ သေသေချာချာ ထည့်သွားပါမယ်။
Pexels ကို Link ပြန်ပေးခြင်း
Pexels API guidelines မှာ API ကို သုံးတဲ့ app တွေက Pexels ကို ထင်ထင်ရှားရှား link ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒါကြောင့် home screen ရဲ့ AppBar မှာ "Photos by Pexels" button လေး ထည့်ပါမယ်။ Link တွေကို browser မှာ ဖွင့်ဖို့ url_launcher package ကို သုံးပါမယ်။
fvm flutter pub add url_launcher:^6.3.3// lib/utils/links.dart
import 'package:flutter/material.dart';
import 'package:flutter/services.dart';
import 'package:url_launcher/url_launcher.dart';
/// Opens [url] in the browser (or the app that handles it).
/// Shows a SnackBar if it couldn't be opened.
Future<void> openLink(BuildContext context, String url) async {
var opened = false;
try {
opened = await launchUrl(
Uri.parse(url),
mode: LaunchMode.externalApplication,
);
} on PlatformException {
opened = false; // e.g. no app on the device can open this link
}
if (!opened && context.mounted) {
ScaffoldMessenger.of(
context,
).showSnackBar(const SnackBar(content: Text("Couldn't open the link.")));
}
}LaunchMode.externalApplication- link ကို app ထဲမှာ မဟုတ်ဘဲ device ရဲ့ browser (ဒါမှမဟုတ် အဲ့ဒီ link ကို ဖွင့်ပေးမယ့် app) မှာ ဖွင့်ပါတယ်။- Fail ဖြစ်ရင် -
launchUrlက link ကို ဖွင့်လို့ မရရင်falseကို ပြန်ပေးတာ ဒါမှမဟုတ်PlatformExceptionကို throw လုပ်တာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ၂ မျိုးလုံးကို ကိုင်တွယ်ပြီး ဖွင့်လို့ မရရင် SnackBar နဲ့ user ကို ပြောပြပါတယ်။awaitပြီးမှcontextကို သုံးမှာ ဖြစ်တဲ့အတွက် RefreshIndicator အပိုင်းမှာ ပြောခဲ့သလိုပဲcontext.mountedကို အရင် စစ်ထားပါတယ်။ openLinkဆိုတဲ့ function လေးနဲ့ wrap ထားတာကတော့ နောက်ရက်တွေမှာ photographer profile တွေ၊ Pexels page တွေ ဖွင့်တဲ့နေရာ အများကြီးမှာ ပြန်သုံးဖို့ပါ။
// lib/screens/home_screen.dart (excerpt)
import 'package:pixly/utils/links.dart';
// ...
appBar: AppBar(
title: Row(
spacing: 12,
children: [
SvgPicture.asset(AppAssets.logo, width: 32, height: 32),
const Flexible(
child: Text(AppConstants.appName, overflow: .ellipsis),
),
],
),
actions: [
// Pexels asks apps using its API to show a prominent link back.
TextButton(
onPressed: () => openLink(context, AppConstants.pexelsUrl),
child: const Text('Photos by Pexels'),
),
],
),AppConstants ထဲမှာ static const String pexelsUrl = 'https://www.pexels.com'; ကို ထည့်ထားပါတယ်။
AppBar ရဲ့ actions မှာ button ထည့်လိုက်တဲ့အခါ title အတွက် ကျန်တဲ့ နေရာ နည်းသွားပါတယ်။ ဖုန်း သေးသေးတွေ ဒါမှမဟုတ် user က font size ကြီးကြီး သုံးထားရင် title ထဲက Row က မဆံ့တော့ဘဲ Day 19 မှာ ပြောခဲ့တဲ့ "RenderFlex overflowed" error တက်ပါတယ်။ ဒါကြောင့် app name ကို Flexible ထဲ ထည့်ပြီး overflow: .ellipsis ပေးထားပါတယ်။ နေရာ မလောက်ရင် overflow error မတက်ဘဲ "Pix…" လို ဖြတ်ပြပေးမှာပါ။
Test လုပ်ခြင်း
Pagination လို logic တွေက မျက်စိနဲ့ စမ်းရုံနဲ့ bug မိဖို့ ခက်ပါတယ်။ ဒါကြောင့် ဒီနေ့ ပြောခဲ့တဲ့ case တွေ (page ဆက်ထည့်တာ၊ ပုံထပ်တာ ဖယ်တာ၊ နောက်ဆုံး page မှာ ရပ်တာ၊ request နှစ်ခါ မပို့တာ၊ fail ရင် retry စောင့်တာ၊ refresh နဲ့ ပြိုင်တာ) အကုန်လုံးကို unit test တွေ ရေးထားပါတယ်။ ဥပမာ refresh နဲ့ ပြိုင်တဲ့ case က
// test/pagination_test.dart (excerpt)
test('refreshing replaces the list and ignores an older loadMore', () async {
final page2 = Completer<Result<PhotosPage>>();
final repo = FakePhotoRepository(
onCurated: (page) => page == 2 ? page2.future : pages(page),
);
final provider = PhotosProvider(repo);
await provider.loadCurated();
final more = provider.loadMore(); // still waiting for page 2...
await provider.loadCurated(); // ...when the user pulls to refresh
page2.complete(await pages(2));
await more;
expect(provider.photos, hasLength(12)); // page 2 was not appended
expect(provider.isLoadingMore, isFalse);
});pages() က test fixture file တွေကနေ page 1, page 2 ကို ပြန်ပေးတဲ့ helper function ဖြစ်ပြီး FakePhotoRepository ကတော့ API ကို မခေါ်ဘဲ test ကပေးတဲ့ အဖြေကို ပြန်ပေးတဲ့ fake repository ပါ (project ရဲ့ test/helpers/ ထဲမှာ ရှိပါတယ်)။ Fixture page တခုမှာ ပုံ ၁၂ ပုံ ပါတဲ့အတွက် page 1 ပဲ ကျန်ရင် hasLength(12) ဖြစ်ပါတယ်။ (App မှာတော့ PhotoRepository.perPage နဲ့ တခါ ၂၀ ပုံ တောင်းပါတယ်။)
Completer (Day 12) ကို သုံးပြီး page 2 ရဲ့ response ကို ကိုယ်လိုချင်တဲ့ အချိန်ကျမှ ပြန်ပေးနိုင်အောင် ထိန်းထားတာ ဖြစ်ပါတယ်။ ဒီလို အချိန်ကိုက် ဖြစ်မှ ပေါ်တဲ့ bug တွေကို test နဲ့ ပြန်ဖန်တီးနိုင်တာက တကယ် အသုံးဝင်ပါတယ်။ Testing အကြောင်းကိုတော့ Day 86 ကစပြီး အသေးစိတ် ပြောသွားပါမယ်။
ရလဒ်



(Screenshot တွေမှာ ပြထားတဲ့ ပုံတွေနဲ့ နာမည်တွေက test အတွက် ပြင်ဆင်ထားတဲ့ sample data ဖြစ်ပါတယ်။)
Pexels API မှာ default rate limit (API key တခုကို တနာရီ request 200၊ တလ request 20,000) ရှိတဲ့အတွက် guard တွေ မပါဘဲ scroll တခါဆွဲတိုင်း request အများကြီး ထွက်သွားရင် limit ကို မြန်မြန် ပြည့်သွားနိုင်ပါတယ်။ ဒီနေ့ ထည့်ခဲ့တဲ့ guard တွေက user experience အတွက်ရော API quota အတွက်ပါ အရေးကြီးတာ ဖြစ်ပါတယ်။
မနက်ဖြန် Day 32 မှာတော့ ဓာတ်ပုံကို နှိပ်လိုက်ရင် detail screen ကို Navigator နဲ့ သွားပြီး Hero animation နဲ့ ပုံ ကြီးလာတာကို လုပ်သွားမှာ ဖြစ်ပါတယ်။
Source code: ဒီနေ့ရဲ့ code အပြည့်အစုံကို GitHub မှာ run ကြည့်လို့ ရပါတယ်။
ဒီနေ့ Day 31 အတွက်ကတော့ ဒီလောက်ပဲ ဖြစ်ပါတယ်။ အဆုံးထိ ဖတ်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ နားမလည်တာတွေ အဆင်မပြေတာတွေ ရှိခဲ့ရင်လဲ အောက်မှာပေးထားတဲ့ discord server ထဲမှာ လာရောက်ဆွေးနွေးနိုင်ပါတယ်။ နောက်နေ့တွေမှာလဲ ဆက်လက်ပြီး sharing လုပ်သွားပေးသွားမှာ ဖြစ်တဲ့အတွက် subscribe လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။
- Youtube: https://www.youtube.com/@arkarmintun
- Newsletter: https://arkar.dev/
- Discord: https://discord.gg/3xUJ6k6dkH