> ## Content Index
> Fetch the complete content index at: https://arkar.dev/llms.txt
> Use this file to discover other available public pages before exploring further.

# Test-Driven Development in React Native - Part 3
- URL: https://arkar.dev/test-driven-development-in-react-native-part-3/
- Published: 2023-11-17T13:39:43.000Z
- Updated: 2024-06-26T09:36:11.000Z
- Author: Arkar Min Tun

ရှေ့အပိုင်းမှာ လိုအပ်တာတွေ ပြင်ဆင်ပြီး project မှာ test အတွက် ဘယ်လိုတွေပါလဲ သိပြီဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင် test တွေရေးဖို့ စလိုက်ကြရအောင်ပါ။

test တွေမရေးခင် ကျွန်တော်တို့ရဲ့ `App.tsx` နဲ့ original `__ test__` folder ကို `src` ဆိုတဲ့ folder ထဲကို အရင်ရွှေ့လိုက်ပါမယ်။ အပြင်မှာ အရင်ကအတိုင်း ထားလဲ ရပါတယ်။ ဒါပေမယ့် app နဲ့ ပတ်သက်တဲ့ implementation file တွေ အားလုံးကို `src` လို folder ထဲ ရွှေ့ထားတာ convention လိုမျိုး ဖြစ်တဲ့အတွက် ကျွန်တော်တို့ ရွှေ့ထားပါမယ်။ လိုအပ်တဲ့အခါ file တွေကို ရှာရလဲ လွယ်သွားပါလိမ့်မယ်။

![](https://arkar.dev/content/images/2023/11/image-4.png)

အရင်ဦးဆုံး test နဲ့ ပတ်သက်တာတွေကို folder structure ဘယ်လိုလုပ်သွားမလဲ ပြောပါမယ်။ ကျွန်တော်တို့ test တွေရေးမယ့် screen တွေ၊ component တွေ၊ service တွေနဲ့ folder အတူတူအောက်မှာ `__test__` ဆိုတဲ့ folder ဆောက်ပြီး အဲ့ထဲမှာ ကျွန်တော်တို့ test ရေးမယ့် file name အတိုင်းကိုပဲ `.test` ဆိုတာကို ထည့်ပြီးရေးပါမယ်။ အပေါ်မှာကြည့်မယ်ဆို `App.tsx` ကို test လုပ်မှာအတွက် `App.test.tsx` ဆိုတာကို `__test__` folder ထဲမှာ create လုပ်ပါတယ်။

အပိုင်း ၁မှာတုန်းက ပြောခဲ့တဲ့ testing အတွက် ကျွန်တော်တို့ အသုံးပြုမယ့် library ၂ခုဖြစ်တဲ့ jest နဲ့ react native testing library တွေမှာ jest က default project မှာထဲက ပါပြီးသား ဖြစ်နေပါလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့ testing library ကို သွင်းဖို့လိုပါလိမ့်မယ်။

[Introduction | Testing LibraryReact Native Testing Library is a testing library for React Native inspired![](https://testing-library.com/img/octopus-32x32.png)Testing Library![](https://testing-library.com/img/octopus-128x128.png)](https://testing-library.com/docs/react-native-testing-library/intro?ref=arkar.dev)

ဒီ testing library က react native တခုထဲမဟုတ်ဘဲ တခြား framework တွေကိုပါ support ပေးတာဖြစ်တဲ့အတွက် သူနဲ့ သက်ဆိုင်ရာ menu အောက်ထဲမှာ ဝင်ရောက်ကြည့်နိုင်ပါတယ်။ ကျွန်တော်တို့ကတော့ react native အတွက် အသုံးပြုမှာ ဖြစ်တဲ့အတွက် `@testing-library/react-native` ဆိုတာကို install လုပ်ပါမယ်။

```bash
yarn add --dev @testing-library/react-native
```

ဒါပြီးရင်တော့ ကျွန်တော်တို့တွေ test တွေစပြီး ရေးလို့ရပါပြီ။ 

### Check the initial project

test တွေမရေးခင် ကျွန်တော်တို့ app အလုပ်မလုပ် build လုပ်ပြီး စမ်းကြည့်ပါဦးမယ်။ ios simulator မှာ စမ်းမယ်ဆို `yarn ios` ဆိုပြီး run လိုက်လို့ရပါတယ်။ android မှာ ဆိုရင်တော့ `yarn android` ဆိုပြီး run လို့ရပါတယ်။

```bash
yarn ios
```

![](https://arkar.dev/content/images/2023/11/image-5.png)

initial app screen on ios

```bash
yarn android
```

![](https://arkar.dev/content/images/2023/11/Screenshot_1700152113.png)

initial app screen on android

### Updating App.tsx

`App.tsx` မှာပါတဲ့ code တွေက အပေါ်မှာ screen မှာ မြင်နေရတဲ့ အတိုင်းကို ရေးထားတာတွေပါ။ ဒါတွေကို ကျွန်တော်တို့ မလိုတဲ့အတွက် screen အတွက် လိုမယ့် basic view နဲ့ အရင် update လုပ်လိုက်ပါမယ်။ test driven သွားမှာဖြစ်တဲ့အတွက် တခြား implementation တွေ မဖြည့်သေးပါဘူး။

```typescript
import React from 'react';
import {View} from 'react-native';

const App = () => {
  return <View />;
};

export default App;
```

src/App.tsx

ဒါပြီးရင်တော့ `App.test.tsx` ကိုလဲ အခုလိုမျိုး ပြင်လိုက်ပါမယ်။

```typescript
import React from 'react';
import {describe, test} from '@jest/globals';
import {render} from '@testing-library/react-native';
import App from '../App';

describe('App', () => {
  test('should render correctly', () => {
    const screen = render(<App />);
    screen.getByTestId('app');
  });
});
```

src/\_\_test\_\_/App.test.tsx

အခုလိုပြင်ပြီးတဲ့အချိန် `npm run test` ဆိုပြီး run ကြည့်လိုက်မယ်ဆို result ကို အောက်မှာပြထားသလို တွေ့ရမှာ ဖြစ်ပါတယ်။

![](https://arkar.dev/content/images/2023/11/image-6.png)

Test-driven development ကို ကျွန်တော်တို့ လေ့လာမှာဖြစ်တဲ့အတွက် TDD ရဲ့ အစဖြစ်တဲ့ test ရေးပြီးတော့ run လိုက်တဲ့အခါ test တွေ fail တာကနေ အစပြုသွားမှာပဲ ဖြစ်ပါတယ်။ ဒီတော့ အပေါ်မှာ မြင်ရတာမျိုးကို ကျွန်တော်တို့တွေ ခဏခဏ မြင်သွားရမှာပါ။ အောက်မှာပြထားတဲ့ flow လေးကို ပြန်မြင်ကြည့်လို့ရပါတယ်။

![](https://arkar.dev/content/images/2023/11/data-src-image-c6e241b0-027e-4014-97b8-3ae3ce07f988.png)

ကျွန်တော်တို့ `App.tsx` အတွက် အပေါ်မှာ ရေးထားတဲ့ test က test id သတ်မှတ်ထားဖို့ လိုတာကို စစ်ထားတာပဲ ဖြစ်ပါတယ်။ ဒီ `App.tsx` ထဲမှာ ကျွန်တော်တို့တွေ navigation နဲ့ပတ်သက်တာတွေကို နောက်ပိုင်းကျ ရေးသွားမှာပဲ ဖြစ်ပါတယ်။ အခုတော့ test id ထည့်လိုက်ခြင်းအားဖြင့် test pass သွားပါလိမ့်မယ်။ 

```typescript
import React from 'react';
import {View} from 'react-native';

const App = () => {
  return <View testID="app" />;
};

export default App;
```

App.tsx

![](https://arkar.dev/content/images/2023/11/image-7.png)

### Home Screen

ပြီးရင်တော့ ကျွန်တော်တို့တွေ `src` folder ထဲမှာ `screens` ဆိုတဲ့ folder တခုကို တည်ဆောက်ပါမယ်။ ဒါကတော့ app ထဲမှာ ပါမယ့် screen တွေကို တစုတစည်းထဲ ထားဖို့ပဲ ဖြစ်ပါတယ်။ Screen ထဲမှာ component တွေ ပါဝင်မှာ ဖြစ်ပါတယ်။​ အောက်မှာပြထားတာလေးနဲ့ မြင်ကြည့်လို့ရပါတယ်။ screen ထဲမှာပဲ အကုန်ပစ်ထည့်လို့ရပေမယ့် test တွေ ရေးရတာ လွယ်အောင်နဲ့ ပြန်သုံးဖို့ ရှိလာတဲ့အခါ လွယ်ကူအောင် component တွေ ခွဲထုတ်ပြီး ရေးလေ့ရှိကြတာပဲ ဖြစ်ပါတယ်။

![](https://arkar.dev/content/images/2023/11/data-src-image-5a5fac8d-7ca4-412d-8654-1a9cccd3fa71.png)

`screens` ဆိုတဲ့ folder ထဲမှာ ကျွန်တော်တို့ `HomeScreen.tsx` ဆိုတဲ့ file တခု တည်ဆောက်ပါမယ်။ သူနဲ့အတူပဲ `__test__` ဆိုတဲ့ folder ကိုပါ တည်ဆောက်ပြီး သူ့ထဲမှာ `HomeScreen.test.tsx` ဆိုပြီး create လုပ်ပါမယ်။

![](https://arkar.dev/content/images/2023/11/image-8.png)

အပေါ်မှာ create လုပ်ထားတဲ့ file ၂ခုထဲကမှ `HomeScreen.tsx` ကို အခုလိုပဲ update အရင်လုပ်ပါမယ်။ ကြည့်ကြည့်မယ်ဆို ကျွန်တော်တို့ `App.tsx` မှာ စရေးတာနဲ့ ဆင်တူပါတယ်။

```typescript
import React from 'react';
import {View} from 'react-native';

const HomeScreen = () => {
  return <View />;
};

export default HomeScreen;
```

src/screens/HomeScreen.tsx

ပြီးရင်တော့ သူ့ရဲ့ test file ဖြစ်မယ့် `HomeScreen.test.tsx` ကို အခုလို update လုပ်ပါမယ်။ ဒီမှာ ကျွန်တော်တို့တွေ component render လုပ်မလုပ်ကို test id ခေါ်ပြီး စစ်ကြည့်ထားတာပဲ ဖြစ်ပါတယ်။

```typescript
import React from 'react';
import {describe, test} from '@jest/globals';
import {render} from '@testing-library/react-native';
import HomeScreen from '../HomeScreen';

describe('HomeScreen', () => {
  test('should render correctly', () => {
    const screen = render(<HomeScreen />);
    screen.getByTestId('home-screen');
  });
});
```

အပေါ်မှာ လုပ်ခဲ့သလိုပဲ test ရေးပြီးပြီးချင်း run တဲ့အခါ implementation မရှိသေးတဲ့အတွက် pass မဖြစ်သေးပါဘူး။ ကျွန်တော်တို့ လိုချင်တဲ့ result တွေကို test ထဲမှာ တဆင့်ချင်း ရေးသွားပါမယ်။ အခုတော့ test id ကိုပဲ လိုချင်သေးတာဖြစ်တဲ့အတွက် test id ကိုပဲ​ test ကနေ ခေါ်ထားတာ ဖြစ်ပါတယ်။ 

![](https://arkar.dev/content/images/2023/11/image-9.png)

ဒီတော့ `HomeScreen.tsx` ကို test pass ဖြစ်ဖို့ လိုတာတွေ ထည့်ပါမယ်။

```typescript
import React from 'react';
import {View} from 'react-native';

const HomeScreen = () => {
  return <View testID="home-screen" />;
};

export default HomeScreen;
```

test ပြန် run ကြည့်တဲ့အခါ test တွေအကုန် pass ဖြစ်နေမှာပဲ ဖြစ်ပါတယ်။

![](https://arkar.dev/content/images/2023/11/image-10.png)

နောက်တစ်ပိုင်းမှာတော့ home screen မှာ component တွေကို ဆက်ပြီး ရေးသွားမှာပဲ ဖြစ်ပါတယ်။